တစ်ရက်တာ ရက်မြတ်အခါသမယမှသည် တစ်သက်တာ အမှတ်တရဖြစ်စေမည့်
စိန် နှင့် မြ မင်္ဂလာခန်းမ
မင်္ဂလာအခမ်းအနားများနှင့် အလှူမင်္ဂလာဧည့်ခံပွဲ အမျိုးမျိုးတို့အတွက် ဆောင်ရွက်ပေးနိုင်သော ခန်းမကြီးဖြစ်ပါသည်။
အာရှပလာဇာ ဟိုတယ်၏ လက်ဖွဲ့ အထူးအစီအစဉ်
- မင်္ဂလာကိတ်မုန့် အပါအ၀င် မင်္ဂလာမောင်နှံတို့ အတွက် အာရှပလာဇာဟိုတယ်တွင် တစ်ညတာ တည်းခိုခွင့် လက်ဖွဲ့ပါမည် (Including Breakfast)
- မင်္ဂလာသတို့သား သတို့သမီးအတွက် တစ်နှစ်မြောက်နှစ်ပတ်လည်တွင် ထပ်မံ၍ တစ်ညတာတည်းခိုခွင့်လက်ဖွဲ့ပါမည်
- မင်္ဂလာသတို့သား သတို့သမီးအရံတို့ အလှပြင်ဆင်ရန်အတွက် အခန်းစီစဉ်ပေးပါသည်
- မင်္ဂလာသတို့သား သတို့သမီး တို့၏ နာမည်စာတန်းအား Hotel မှ မေတ္တာလက်ဆောင်ရေးပေးပါမည်
- မင်္ဂလာခန်းမ ကို အခမဲ့ (၂)နာရီ သုံးစွဲခွင့်
- မင်္ဂလာခန်းမအတွင်း နောက်ခံတေးသံသာ အခမဲ့ ဖျော်ဖြေပေးခြင်း
- ဓါတ်ပုံ၊ ဗီဒီယို၊ မိုက်ကရိုဖုန်း တို့အတွက် မီးသုံးစွဲခွင့်
- ဧည့်သည်စားပွဲပေါ်တွင် တစ်ပွင့်ပန်းအိုးများ အလှဆင်ပေးခြင်း
| မင်္ဂလာအချိန် |
| နံနက် |
၉း၀၀ မှ ၁၁း၀၀ |
| နေ့လည် |
၁၂း၀၀ မှ ၂း၀၀ |
| ညနေ |
၃း၀၀ မှ ၅း၀၀ |
| ညနေ |
၆း၀၀ မှ ၈း၀၀ |
ဧည့်ခံပွဲအကျွေးအမွေး
- option (A) နှစ်သက်ရာ မုန့်လေးမျိုး၊ ရေခဲမုန့်၊ ကော်ဖီ၊ လက်ဖက်ရည်
- option (B) ထောပတ်ထမင်း (သို့) ၊ ဒံပေါက်ထမင်း ၊ ကြက်သားဟင်း၊ ချဉ်ပေါင်ဟင်းရည် ၊ မရမ်းသီးသနပ် ၊ ဘာလချောင် နှင့် သခွားသီးစိတ်၊ ရေခဲမုန့် ၊ လိမ္မော်ရည် နှင့် ရေသန့်
အထူးဝန်ဆောင်မှုများ
- တရုတ်၊ ထိုင်း၊ မြန်မာအစားအစာ နှင့် မင်္ဂလာ ညစာစားပွဲများအတွက် အပ်နှံသူစိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါသည်။
- မိမိ အစားအစာများ ဖြင့် တည်ခင်းကျွေးမွေးလိုပါက ၀န်ဆောင်ခ ယူ၍ လက်ခံဆောင်ရွက်ပေးပါသည်။
- အောက်ပါဝန်ဆောင်မှုများကိုလည်း သင့်တင့်သော ၀န်ဆောင်ခများ နှင့် ဆောင်ရွက်ပေးပါသည်။
ပန်းအလှအိုး၊ လျှောက်လမ်း ပန်းစင်များ၊ အောင်စံပယ်ပန်းကုံး၊ တီးဝိုင်း နောက်ခံစာတမ်း၊ အခမ်းအနာမှုး၊ ဗီဒီယို၊ ဓါတ်ပုံ၊ မင်္ဂလာဝတ်စုံ